BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ဒေါ်သက်သက်ခိုင် - ရွှေနန်းတော်မှ ရေကြည်အိုင်သို့
မြန်မာနိုင်ငံရဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်ခိုင်နဲ့ပတ်သက်ရင် စီးပွားရေးမှာရော နိုင်ငံရေးမှာပါ ပြောစရာများပါတယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ပေမဲ့ ကျပ်ဘီလျံချီတဲ့ အကြွေးတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ပတ်သက်ရင်တော့ အငြင်းပွားစရာတွေရှိပါတယ်။
ဇန်နဝါရီ ၁၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ပုလဲနယ် NUG ဂိတ်ကို ဝင်စီးတယ်ဆိုတဲ့ ကိစ္စ ဗိုလ်နဂါး ဘာပြောလဲ
စစ်ကော်မရှင်နဲ့ ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေနဲ့တွေ့ဆုံတယ်ဆိုပြီး မြန်မာနိုင်ငံခြားရေးက တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်တဲ့ သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နိုင်ငံတဝန်းနဲ့ နိုင်ငံတကာ သတင်းများအနှစ်ချုပ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကတိုက်ပွဲနဲ့ ARSA ၅၃ ဦး ကို ဘင်္ဂလားဒေ့ရှ်တရားစွဲဆိုမှု
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အာရက္ခတပ်တော်( အေအေ) နဲ့ ARSO တပ် ရဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ကော်မရှင်ရဲ့သံအမတ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ တွေ့ဆုံခဲ့ကြပါတယ်။
ရင်ဘတ်ပေါ် မှာ စပါးအုံးမြွေကြီးခွေနေတာ တရေးနိုးတွေ့လိုက်ရတဲ့ သြစတြေးလျအမျိုးသမီး
ရေချယ် ဘိုးရ်က သူ့ရင်ဘတ်ပေါ်မှာ သူ့ခွေး တက်အိပ်နေတာလို့ ထင်ထားခဲ့တာ ဖြစ်ပေမဲ့ ဧရာမ စ့ပါးအုံးမြွေကြီး တစ်ကောင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း 'ယွန်း' ထောင်ဒဏ် ၅နှစ် ချခံရ
ဒါက ၂၀၂၄ ခုနှစ်တုန်းက သူ့ရဲ့ အံ့အားသင့်ဖွယ် စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ဆက်စပ်တဲ့စွဲချက်တင်ခံထားရတဲ့ အမှုလေးခုအတွက် ပထမဆုံးစီရင်ချက်အမိန့်ဖြစ်ပါတယ်။
မြန်မာကို ကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြု
မြန်မာကို ကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြုတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၁၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
PDF ဖမ်းမိတဲ့ ဦးစိန်လွင် အကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ဘာပြောလဲ
မြင်းခြံခရိုင်ရဲ့ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိန်လွင်ကို မြင်းခြံ- ပုဂံညောင်ဦးလမ်းမှာ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ဇန်နဝါရီ ၁၄ ရက်မှာ ဖမ်းမိတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ဦးစိန်လွင် ဖမ်းဆီးခံရတာကို သိထားပြီး ကွာရှင်းထားတဲ့ခင်ပွန်ဟောင်းသာ ဖြစ်တယ်လို့ မြင်းခြံမြို့ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်က ဘီဘီစီကို ပြောပါတယ်။
အိန္ဒိယမြောက်ပိုင်းမှာ အအေးလှိုင်းဒဏ်ကြောင့် မြူတွေဖုံး၊ ရေကန်တွေ ရေခဲနေ
အိန္ဒိယနိုင်ငံမြောက်ပိုင်းတလျှောက် ဆိုးဝါးတဲ့ အအေးလှိုင်းကြောင့် လူသန်းပေါင်းများစွာ ခိုက်ခိုက်တုန် အေးခဲမှုဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။
တရုတ်သတင်းပေးလို့ ရှမ်းမြောက်က မူးယစ်ဆေးဝါးထုတ်တဲ့နေရာကို စစ်တပ်ဖမ်းဆီး
တရုတ်သတင်းပေးတဲ့ ရှမ်းမြောက်က မူးယစ်ဆေးထုတ်နေရာတွေကို စစ်တပ်က ကွန်မန်ဒိုအဖွဲ့တွေ လေကြောင်းပစ်ကူတွေသုံးပြီး စီးနင်းခဲ့တယ်လို့ပြောပါတယ်။
ဗန်းမော်၊ ထောက်ပို့တပ်ရဲ့ ခြေကုပ်စခန်းတစ်ခုကို KIA/PDF သိမ်းယူ
ဗန်းမော်အခြေစိုက် ထောက်ပံ့ပို့ ဆောင်ရေးတပ် ထပရ ၉၃၃ ရဲ့ အဝင်လမ်းက ခြေကုပ်စခန်းတစ်ခုကို KIA/PDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၄ ရက်မှာ သိမ်းယူလိုက်တဲ့သတင်းအပါအဝင် ဇန်နဝါရီ ၁၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ဂရင်းလန်းကို ထရမ့်က ဘယ်လို ‘‘ရယူ’’ နိုင်သလဲ
ဂရင်းလန်းကို ရယူနိုင်ဖို့ စစ်ရေးနည်းလမ်း အပါအဝင် နည်းလမ်းပေါင်းစုံကို အမေရိကန် စဥ်းစားနေကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
ထိုင်းမှာ ရထားပေါ်ကို ကရိန်းကြီး ပြိုကျမှု ၂၈ ဦးသေဆုံး
ထိုင်းနိုင်ငံမှာ ဘန်ကောက်ကနေ ထွက်လာတဲ့ရထားတစ်စင်းပေါ်ကို အမြန်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်း ပြိုကျလို့ သေဆုံးသူ ၂၈ ဦးအထိရှိလာပြီလို့ ရဲတပ်ဖွဲ့ ပြောတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၁၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
၂၀၂၅ မြန်မာရွေးကောက်ပွဲ
စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အပြီးမှာတော့ ကြိုတင်မဲပွင့်လင်းမြင်သာမှုနဲ့ ပတ် သက်လို့ မေးခွန်းထုတ်လာကြပါတယ်။
သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ
ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။ပြည်သူ့လွှတ်တော်မှာသမ္မတလောင်းနေရာအတွက် စောင့်ကြည့်ရမယ့်သူနှစ်ဦးရှိပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ် ဦးညိုစော ဖြစ်ပါတယ်။
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲ - ကနဦးရလဒ်မဲဆန္ဒနယ်ပြမြေပုံညွှန်း
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲရဲ့ ကနဦးရလဒ်များကို ကြည့်နိုင်တဲ့ မြေပုံညွှန်းဖြစ်ပါတယ်။ အခုမြေပုံညွှန်းပါ ရလဒ်များဟာ ကနဦးရလဒ်များသာဖြစ်ပါတယ်။ မြေပုံကို ထောက်ရုံနဲ့ မြို့နယ်အလိုက် အနိုင်ရပါတီကို ကြည့်ရှုနိုင်ပါတယ်။
ပြည်တွင်းစစ်နောက်ခံနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ရွေးကောက်ပွဲ
ပြည်တွင်းစစ်နောက်ခံနဲ့ ကျင်းပတဲ့ မြန်မာရွေးကောက်ပွဲရဲ့ ကန့်လန့်ကာအဖွင့်ဟာ ဗုံးသံ၊ လက်နက်သံတချို့နဲ့ စတင်ပါတယ်။
၂၀၂၅ ရွေးကောက်ပွဲ - မကျင်းပနိုင်မယ့်နေရာ စံချိန်တင်
နေပြည်တော်နဲ့ ရန်ကုန် ကလွဲလို့ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုမှမရှိတာ တွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မကြုံဖူးခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပေါ် ကုလ လူ့အခွင့်အရေး အထူးသံ ဘယ်လိုမြင်လဲ
စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဟာ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းနဲ့နည်းနဲ့ အဖြေရှာတာမျိုးလား
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲ
အမေ(ဒေါ်အောင်ဆန်းစုကြည်) က လူကောင်း၊ သူတော်ကောင်းတစ်ယောက်မို့ အမေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတဲ့ ပြောပြလို့မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာသေချာယုံကြည်မှု ရှိနေပါတယ်
မြန်မာရွေးကောက်ပွဲ - စစ်ဗိုလ်ချုပ်တွေနဲ့ တော်လှန်သူတွေကြားက မန္တလေး
နန်းမြို့ရိုးနောက်ခံနဲ့ စစ်သားတွေမဲထွက်ပေးကြတဲ့ ပုံရိပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အထင်ကရပုံရိပ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့်လုပ်တဲ့ရွေးကောက်ပွဲနှစ်ခုဟာ အာဏာသိမ်းမှုကြောင့် အရာရာ ခြားနားသွားခဲ့ပါပြီ။
မြန်မာနိုင်ငံသား သန်းနဲ့ချီရှိတဲ့ထိုင်းမှာ ကြိုတင်မဲပေးသူ ရာဂဏန်းသာရှိ
ထိုင်းမှာရှိနေတဲ့ မြန်မာလူဦးရေ သန်းချီနဲ့ မဲပေးသူ အရေအတွက် ရာဂဏန်းပမာဏကို နှိုင်းယှဥ်ကြည့်ရင် ထိုင်းရောက် မြန်မာအများစုကြားမှာစစ်တပ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေတာ မြင်သာပါတယ်။
ဗီဒီယို, ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားနဲ့ စိုးရိမ်မှု, ကြာမြင့်ချိန် 3,31
တော်လှန်ရေးတပ်တွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သူ တွေက စစ်တပ်ရွေးကောက်ပွဲကို မပူးပေါင်း မပါဝင်ဖို့ သတိပေးတာတွေဆက်တိုက် လုပ်နေပါတယ်။
"ကျောင်းက ဆရာမတိုင်း စိတ်ပူ သောကရောက်နေကြတယ်"
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲနီးလာလေ စိုးရိမ်သောကရောက်ရသူတွေ အများအပြားရှိနေပါတယ်။ အဲဒီထဲ မဲရုံစောင့်ကြမယ့် ပညာရေးဝန်ထမ်းတွေနဲ့ မဲပေးမယ့်မဲဆန္ဒရှင်အချို့လည်း ပါဝင်နေပါတယ်။
ရွေးကောက်ပွဲကြေညာစာတမ်းထဲက စစ်မှုထမ်းဥပဒေ
ပါတီအများစုရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာ တိုင်းပြည်ရဲ့ လူငယ်လူရွယ်ထုကြီး ပြည်ပကို ထွက်ခွာခဲ့ရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ဖော်ပြထားတာမရှိသလောက် ဖြစ်ပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
စလင်းနဲ့ ဆင်ဖြူကျွန်းကို ဘာကြောင့် ဦးတည်ထိုးစစ်ဆင်တာလဲ
စလင်းနဲ့ ဆင်ဖြူကျွန်းမြို့အပါအဝင် ဧရာဝတီမြစ်အနောက်ခြမ်း ဖြစ်တဲ့ မကွေးတိုင်းအထက်ပိုင်းကို NUG ထိုးစစ်ဆင်တာနဲ့ ပတ်သက်လို့ MDSI ရဲ့ စစ်ဘေးရေးရာတာဝန်ခံ ကိုနောင်ရိုးက" စစ်တပ် ရဲ့ အခြေပြု အင်အားတွေ အားနည်းတဲ့ဒေသကို အချိန်ကိုက်စစ်ရေး ဖော်ဆောင်တာ" လို့ သုံးသပ်ပါတယ်။
စစ်တပ် ဆုကြေးထုတ်ဖမ်းခဲ့တဲ့ ကိုထက်မြတ်အောင်က ဘယ်သူလဲ
အသက် ၂၄ နှစ်အရွယ် မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာဖမ်းဆီးခံရတာ ၁၀ ရက်ကျော်လာပြီဖြစ်ပေမဲ့ သူနဲ့ ပတ်သက်လို့ မြန်မာစစ်ကော်မရှင်ဘက်ကတစုံတရာ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
CDM ဆရာမနဲ့ ခင်ပွန်း သတ်ဖြတ်ခံရမှု - CDM တွေ အကာအကွယ်မဲ့နေမှုဖြစ်ရပ်
အသက် ၅၂ နှစ်အရွယ် CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦး ပြည့်ဖြိုးနိုင်တို့ နေအိမ်တွင်းသတ်ခံရမှုဟာ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ပြည်သူ့ ဝန်ဆောင် မှုလုပ်ငန်းတွေ လုပ်ပေးနေကြတဲ့ CDM အသိုင်းအဝိုင်းအတွက် ထိတ်လန့်စရာ သတင်း ဖြစ်ပါ တယ်။
စဉ့်ကူးကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းဒေသအပေါ် သက်ရောက်မှု
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ဝက်လက်၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေကိုလည်း စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲသလို မြစ်အနောက်ခြမ်းမြစ်ကမ်းဘေးတကြောနဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုပါ တပြိုင်နက်စစ်ကြောင်းထိုးနေပါတယ်။
စင်္ကာပူထက်ကျယ်တဲ့မြန်မာ့မြေရှားလုပ်ကွက်တွေ အိန္ဒိယ စိတ်ဝင်စားနေလား
တရုတ်ရဲ့ ကမ္ဘာကို မြေရှားတင်ပို့မှု တင်းကျပ်ပြီးတဲ့နောက်မှာ မြေရှားအကျပ်ဆိုက်လာတဲ့ အိန္ဒိယ က အရင်းအမြစ်အသစ်တွေကို ရှာဖွေလာပါတယ်။ အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတွေ ကချင်ပြည်နယ်အထိ ရောက်လာပြီး မြန်မာမြေရှားစံနမူနာတွေ လာယူခဲ့ရတဲ့အထိပါ။ အိန္ဒိယက မြန်မာမြေရှားကို စိတ်ဝင်စားနေတာလား။ အိန္ဒိယက မြန်မာမြေရှားယူဖို့ ဆိုရင်ရော ဖြစ်နိုင်ပါ့မလား။

